သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် မြေခံအဖြစ် အသုံးပြုနိုင်ရန် အဓိက ရည်ရွယ်ထားပါသည်။ နိုက်ထရိုဂျင် ပါဝင်မှု မြင့်မားသည့်အတွက် သီးနှံများ၏ အစောပိုင်းကြီးထွားမှုကာလ နှင့် နိုက်ထရိုဂျင်ဓါတ်များများ လိုအပ်သော သီးနှံများတွင် ထိထိရောက်ရောက် အသုံးပြုပေးနိုင်ပါသည်။ ယေဘုယျအားဖြင့် ဖော့စ်ဖရပ်ဓါတ်သည် အပင်မှ စားသုံးရာတွင် အခက်အခဲရှိသောကြောင့် ယခုဓါတ်မြေဩဇာကို သီးနှံစိုက်ပျိုးရာတွင် မြေခံအဖြစ် အသုံးပြုရန် ပိုမိုသင့်တော်ပါသည်။ ဖော့စ်ဖရပ် ပါဝင်မှုများပြားခြင်းသည် အမြစ်ကြီးထွားမှု၊ ပန်းပွင့်နူန်း နှင့် အစေ့အဆန်အောင်မြင်မှုတို့ကို အထောက်အကူပြုပါသည်။
အကျိုးကျေးဇူးများ
သီးနှံပင်များ၏ ပင်ပိုင်းကြီးထွားမှုကို အားပေးခြင်း
အစာချက်လုပ်နူန်းကို တိုးတက်စေခြင်း
အပင်တွင် အစိမ်းရောင်ကြာရှည်ခံခြင်း
အမြစ်ဖွဲ့စည်းမှုကောင်းမွန်ခြင်း
ပန်းပွင့်နူန်းကို တိုးမြင့်ပေးခြင်း
အစေ့အဆန် အောင်မြင်မှုရာခိုင်နူန်း များပြားစေခြင်း
သီးနှံအထွက်နူန်းနှင့် အရည်အသွေးကို တိုးလာစေခြင်း
အခြားအသုံးပြုနိုင်သော သီးနှံများ – ဂျုံ၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ငရုတ်၊ ခရမ်းချဉ်၊ ဟင်းသီးဟင်းရွက်များ