SP 888ထိုင်းနိုင်ငံမှ တင်သွင်းဖြန့်ဖြူးပေးလျက်ရှိသော နှစ်ဖူးအောင် အမျိုးအစားဖြစ်ပါသည်။ မျိုးစေ့သန့်စင်မှု ကောင်းမွန်ပြီး အပင်ပေါက်ရာခိုင်နူန်းမှာ ၉၀ ရှိပါသည်။ ပြောင်းပင် ကျန်းမာသန်စွမ်းပြီး အမြစ်ကုပ်တွယ်မှု အားကောင်းသည်။ ထို့ကြောင့် (အက်စ်ပီ-၈၈၈)မျိုး သည် အပင်ယိုင်လဲမှု၊ ပိုးမွှားရောဂါကျရောက်မှုကို အတန်အသင့် ခံနိုင်ရည်ရှိစေပါသည်။ ပြောင်းဖူးညီညာပြီး ဖက်လုံမှုရှိပါသည်။ အူတိုင်သွယ်ပြီး အစေ့အရောင် လိမ္မော်ရောင် တောက်ပပါသည်။ မြေပြန့်ဒေသများတွင် စိုက်ပျိုးပြီးရက်ပေါင်း (၁၁၀)ရက် နှင့် တောင်ပေါ်ဒေသများတွင် စိုက်ပျိုးပြီးရက်ပေါင်း (၁၀၅ -၁၂၀) ရက်တွင် ရိတ်သိမ်းပေးနိုင်ပါသည်။ အစေ့ထွက်ရာခိုင်နူန်းလည်း မြင့်မားပြီး တစ်ဧကလျှင် (၂၄၀၀) ကီလိုဂရမ်နီးပါး ထွက်ရှိနိုင်သည့် အထွက်နူန်းကောင်းမျိုး ဖြစ်ပါသည်။ (အက်စ်ပီ-၈၈၈)မျိုး ကို တောင်ပေါ်မြေပြန့်ဒေသများတွင် ရာသီဥတုမရွေး စိုက်ပျိုးနိုင်ပါသည်။