တစ်ဖူးအောင် စပ်မျိုးပြောင်း (အက်စ်ပီ-၃၃၅)မျိုးကိုလည်း ထိုင်းနိုင်ငံမှ တင်သွင်းထားပြီး ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချလျက် ရှိပါသည်။ GFDမှ အခြားဖြန့်ဖြူးလျက်ရှိသော မျိုးများအကြားတွင် ၎င်းသည် အပင်အမြင့်ပုသော အမျိုးအစားတစ်ခု ဖြစ်ပါသည်။ အပင်ပေါက်ရာခိုင်နူန်းမှာ ၉၀ ရှိပြီး မျိုးစေ့သန့်စင်မှုလည်း ကောင်းမွန်ပါသည်။ ပြောင်းပင် ကျန်းမာသန်စွမ်းပြီး အမြစ်ကုပ်တွယ်မှု အားကောင်းသည်။ ထို့ကြောင့် (အက်စ်ပီ-၃၃၅)သည် အပင်ယိုင်လဲမှုဒဏ်ကို အတန်အသင့် ခံနိုင်ရည်ရှိစေပါသည်။ အစေ့ထွက်ရာခိုင်နူန်း ကောင်းမွန်ကာ အစေ့အရောင်မှာ လိမ္မော်‌ရောင် ရှိပါသည်။ ပြောင်းဖူးများကို စိုက်ပျိုးပြီးရက်ပေါင်း (၁၁၀ -၁၂၀) ရက် ကြာပါက ရိတ်သိမ်းနိုင်ပါသည်။ တစ်ဧကလျှင် အထွက်နူန်း (၂၉၀၀) ကီလိုဂရမ်အထိ ရရှိနိုင်ပါသည်။ (အက်စ်ပီ-၃၃၅)မျိုးကိုလည်း  တောင်ပေါ်မြေပြန့်ဒေသများတွင် ရာသီဥတုမရွေး စိုက်ပျိုးနိုင်ပါသည်။