အက်စ်ပီ ၉၅

SP 95 အက်စ်ပီ ၉၅ တစ်ဖူးအောင်စပ်မျိုးပြောင်းသည် ထိုင်းနိုင်ငံမှ တင်သွင်းလာပြီး GFD မှ ဖြန့်ဖြူးပေးပါသည်။ အပင်ပေါက်ရာခိုင်နူန်းမှာ ၈၀ အထက် ရှိပြီး မျိုးစေ့သန့်စင်မှုလည်း ကောင်းမွန်ပါသည်။ ပြောင်းပင်မှာ ကောင်းစွာသန်စွမ်းပြီး အမြစ်ကုပ်တွယ်မှုလည်း ကောင်းမွန်ပါသည်။ ထို့ကြောင့် အက်စ်ပီ ၉၅ မျိုးသည် အပင်ယိုင်လဲဒဏ်ကို အတန်အသင့် ခံနိုင်ရည်ရှိစေပါသည်။ ပြောင်းဖက်လုံ၊ အဖူးညီညာပြီး အဖူးအရွယ်အစား ကြီးမားပါသည်။ အစေ့ထွက်ရာခိုင်နူန်းလည်း ကောင်းမွန်ပါသည်။ အစေ့အရောင်မှာ လိမ္မော်ရောင် တောက်ပပါသည်။ ပြောင်းဖူးများကို စိုက်ပျိုးပြီးရက်ပေါင်း (၁၁၀ -၁၂၀)ရက်တွင် ရိတ်သိမ်းနိုင်ပါသည်။ အထွက်နူန်းမှာ တစ်ဧကလျှင် (၂၂၀၀) ကီလိုဂရမ် ဝန်းကျင်အထိ ရရှိနိုင်ပါသည်။ အက်စ်ပီ ၉၅ စပ်မျိုးပြောင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် (၁၃၁၂ – ၁၄၆၀) ပေ ထက်နိမ့်သော ဒေသများတွင် စိုက်ပျိုးရန် ပိုမိုသင့်တော်ပါသည်။