အေအေ ၇၃၇

အေအေ ၇၃၇ တစ်ဖူးအောင် စပ်မျိုးပြောင်းကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး GFD မှ ဖြန့်ဖြူးပါသည်။ ပြောင်းပင် ကျန်းမာသန်စွမ်းပြီး အမြစ်ကုပ်တွယ်မှု အားကောင်းသည်။ အဖူးများသည် အစေ့အဆန် ပြည့်ဝစွာ ပါဝင်ပါသည်။ အစေ့ထွက်ရာခိုင်နူန်းကောင်းမွန်ပြီး အစေ့အရောင်မှာ အဝါရောင်တောက်ပသည်။ ပြောင်းဖူးများကိုလည်း မှိုကျရောက်မှုမရှိဘဲ အချိန်ကြာမြင့်စွာ သိုလှောင်ထားနိုင်ပါသည်။ ပြောင်းဖူးများကို စိုက်ပျိုးပြီးရက်ပေါင်း (၁၀၅ – ၁၁၀)ရက်တွင် ရိတ်သိမ်းပေးနိုင်ပါသည်။ တစ်ဧကလျှင် အထွက်နူန်း (၃၇၅၀) ကီလိုဂရမ် ထွက်ရှိနိုင်ပါသည်။ ထို့ကြောင့် အေအေ ၇၃၇ စပ်မျိုးပြောင်းသည် အထွက်နူန်းအလွန်မြင့်မားပြီး အဖူးအရွယ်အစားကြီးမားကာ ဒေသကိုက်ညီမှုမြင့်မားသောမျိုးလည်း ဖြစ်ပါသည်။ ၎င်းကို တောင်ပေါ်မြေပြန့်ဒေသများတွင် ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။