အေအေ ၇၄၇

အေအေ ၇၄၇ တစ်ဖူးအောင် စပ်မျိုးပြောင်းကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး GFD မှ ဖြန့်ဖြူးပါသည်။ ပြောင်းပင်သန်စွမ်းပြီး အမြစ်ကုတ်တွယ်အား ကောင်းမွန်ပါသည်။ ထို့ကြောင့် အပင်ယိုင်လဲမှုဒဏ် နှင့် ပိုးမွှားရောဂါကျရောက်မှုကို အတန်အသင့် ခံနိုင်ရည်ရှိစေပါသည်။ အစေ့ထွက်ရာခိုင်နူန်း ကောင်းမွန်ပြီး အစေ့အရောင်မှာ အဝါရောင်တောက်ပသည်။ ပြောင်းဖူးများကို မှိုကျရောက်မှုမရှိဘဲ အချိန်ကြာမြင့်စွာ သိုလှောင်သိမ်းဆည်းနိုင်ပါသည်။ ပြောင်းဖူးများကို စိုက်ပျိုးပြီးရက်ပေါင်း (၁၀၀ – ၁၀၅)ရက်တွင် ရိတ်သိမ်းပေးနိုင်ပါသည်။ အထွက်နူန်းမှာ တစ်ဧကလျှင် (၁၈၀၀ – ၂၁၀၀) ပိဿာ ရရှိနိုင်ပါသည်။ အေအေ ၇၄၇ စပ်မျိုးပြောင်းသည် အထွက်နူန်းအလွန်မြင့်မားပြီး  အဖူးအရွယ်အစားကကြီးမားကာ ဒေသကိုက်ညီမှုများပြားသည့် စောစောရင့်မှည့်နိုင်သော မျိုးတစ်မျိုး ဖြစ်ပါသည်။ တောင်ပေါ်မြေပြန့်ဒေသများတွင် ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။

[/vc_column_text][/vc_column][/vc_row]

အေအေ ၇၄၇

အေအေ ၇၄၇ တစ်ဖူးအောင် စပ်မျိုးပြောင်းကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး GFD မှ ဖြန့်ဖြူးပါသည်။ ပြောင်းပင်သန်စွမ်းပြီး အမြစ်ကုတ်တွယ်အား ကောင်းမွန်ပါသည်။ ထို့ကြောင့် အပင်ယိုင်လဲမှုဒဏ် နှင့် ပိုးမွှားရောဂါကျရောက်မှုကို အတန်အသင့် ခံနိုင်ရည်ရှိစေပါသည်။ အစေ့ထွက်ရာခိုင်နူန်း ကောင်းမွန်ပြီး အစေ့အရောင်မှာ အဝါရောင်တောက်ပသည်။ ပြောင်းဖူးများကို မှိုကျရောက်မှုမရှိဘဲ အချိန်ကြာမြင့်စွာ သိုလှောင်သိမ်းဆည်းနိုင်ပါသည်။ ပြောင်းဖူးများကို စိုက်ပျိုးပြီးရက်ပေါင်း (၁၀၀ – ၁၀၅)ရက်တွင် ရိတ်သိမ်းပေးနိုင်ပါသည်။ အထွက်နူန်းမှာ တစ်ဧကလျှင် (၃၉၅၀) ကီလိုဂရမ် ရရှိနိုင်ပါသည်။ အေအေ ၇၄၇ စပ်မျိုးပြောင်းသည် အထွက်နူန်းအလွန်မြင့်မားပြီး  အဖူးအရွယ်အစားကကြီးမားကာ ဒေသကိုက်ညီမှုများပြားသည့် စောစောရင့်မှည့်နိုင်သော မျိုးတစ်မျိုး ဖြစ်ပါသည်။ တောင်ပေါ်မြေပြန့်ဒေသများတွင် ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။