အိတ်ချ်ခေ ၉၈၈

အိတ်ချ်ခေ ၉၈၈ သည် ထိုင်းနိုင်ငံမှ တင်သွင်း ဖြန့်ဖြူးသော နှစ်ဖူးအောင် စပ်မျိုးပြောင်းအမျိုးအစား ဖြစ်ပါသည်။ ပြောင်းပင်ကောင်းစွာသန်စွမ်းပြီး အမြစ်ကုပ်အားကောင်းသည့်အတွက် အပင်ယိုင်လဲမှုမရှိပါ။ အိတ်ချ်ခေ ၉၈၈ သည် ပိုးမွှားရောဂါကျရောက်မှု နှင့် ရေငတ်ခြင်း၊ ရေလွှမ်းမိုးခြင်း စသည့် ပတ်ဝန်းကျင်သက်ရောက်မှုများကို အတန်အသင့် ခံနိုင်ရည်ရှိပါသည်။ ပြောင်းဖူးများသည် အရွယ်အစား ကြီးမားပြီး ညီညာမှုရှိကာ ဖက်လုံပါသည်။ အစေ့ထွက်ရာခိုင်နူန်း ကောင်းမွန်ပြီး အစေ့အရောင်မှာ လိမ္မော်ရောင် ရှိပါသည်။ စိုက်ပျိုးပြီး ရက်ပေါင်း(၁၀၅ -၁၁၅) ရက်တွင် ရိတ်သိမ်းနိုင်သည်။ အထွက်နူန်းမှာ တစ်ဧကလျှင် (၃၀၂၀) ကီလိုဂရမ်နီးပါး ရရှိနိုင်သည်။ အိတ်ချ်ခေ ၉၈၈ စပ်မျိုးပြောင်းသည် အထွက်နူန်းမြင့်မားသော၊ ပြောင်းပင်သန်စွမ်းသော၊ ယိုင်လဲမှုကိုခံနိုင်သော၊ အဖူးညီညာမှုရှိသော ၊ အစေ့အရောင်တောက်ပသော မျိုးဖြစ်ပါသည်။ တောင်ပေါ်မြေပြန့် ဒေသနှစ်မျိုးစလုံးတွင် ဒေသမရွေး စိုက်ပျိုးနိုင်ပါသည်။