22-9-9

22:9:9

It is a nitro complex fertilizer. Every granule includes balanced N,P,K nutrients. It can highly soluble in water and so plants can easily uptake the nutrients. Therefore, it can reduce the nutrient leaching. Nitrate nitrogen and ammonium nitrogen are added for nitrogen source. As the presence of two nitrogen forms, the plants stay green for a long time. It helps the photosynthesis process and makes the plant vigor. MAP, better quality and high solubility in water, helps for good root system, optimum plant growth and reproduction. And potassium sulphate (SOP) can also be resistant to pest, disease infections and stress (drought or flood or frost etc.).

Due to the high N content, it is more suitable to raise vegetative growth and plants needed more nitrogen requirements. Optimum plant growth, higher crop yield and crop quality are truly received by using 22:9:9 KIYA nitro complex fertilizer.

၂၂-၉-၉

မြေဩဇာအလုံးတိုင်းတွင်  အာဟာရဓါတ်များ မျှတစွာ ပါဝင်သော နိုက်ထရိုကွန်ပလက်စ် ဓါတ်မြေဩဇာအမျိုးအစား တစ်ခုဖြစ်သည်။ ရေတွင် ပျော်ဝင်နိုင်စွမ်းမြင့်မားသည့်အတွက် သီးနှံပင်မှ အာဟာရဓါတ်များကို အလွယ်တကူ စားသုံးနိုင်သောကြောင့် အာဟာရဓါတ်ဆုံးရှုံးရမှုကို လျှော့ချပေးနိုင်ပါသည်။ နိုက်ထရိုဂျင်အရင်းအမြစ်အဖြစ် နိုက်ထရိတ် နိုက်ထရိုဂျင်နှင့် အမိုနီယမ်နိုက်ထရိုဂျင် တို့ ပါဝင်ထည့်သွင်းထားပါသည်။ နိုက်ထရိုဂျင်ပုံစံနှစ်မျိုး ပါရှိသည့်အတွက် သီးနှံပင်များတွင် အစိမ်းရောင်ဖြစ်ပေါ်မှု ကြာရှည်ခံစေကာ အစာချက်လုပ်မှုကို အထောက်အကူပြုပြီး သီးနှံပင်အား ကျန်းမာသန်စွမ်းစေပါသည်။ အရည်အသွေး ပိုမိုကောင်းမွန်ပြီး ရေတွင်ပျော်ဝင်နိုင်စွမ်းမြင့်မားသော မိုနိုအမိုနီယမ်ဖော့စဖိတ် သည် အမြစ်ဖွဲ့စည်းမှု ကောင်းမွန်စေခြင်း၊ သီးနှံပင်၏ ကြီးထွားဖွံ့ဖြိုးမှု မြင့်မားစေခြင်း နှင့် မျိုးပွားခြင်းဆိုင်ရာ (အသီးအပွင့်ဖြစ်ပေါ်မှု) ကာလများအတွက် အထောက်အကူပြုပါသည်။ ပိုတက်စီယမ်ဆာလဖိတ် အနေဖြင့်လည်း ရောဂါပိုးမွှားကျရောက်မှုဒဏ်နှင့် ဖိစီးမှု( ရေငတ်ခြင်း၊ ရေလွှမ်းမိုးခြင်း / ဆီးနှင်းကျခြင်း) တို့ကို ခံနိုင်ရည်ရှိစေပါသည်။

နိုက်ထရိုဂျင် ပါဝင်မှုမြင့်မားသောကြောင့် သီးနှံပင်၏ ပင်ပိုင်းကြီးထွားမှုကို မြင့်တင်ပေးရန် နှင့် နိုက်ထရိုဂျင် ပိုမိုလိုအပ်သော သီးနှံပင်များတွင် အသုံးပြုရန် ပိုမိုသင့်တော်ပါသည်။ ၂၂-၉-၉ ကီရာနိုက်ထရိုကွန်ပလက်စ် ဓါတ်မြေဩဇာကို သုံးစွဲပေးခြင်းအားဖြင့် အကောင်းဆုံး အပင်ကြီးထွားဖွံ့ဖြိုးမှု၊ အထွက်နူန်းနှင့် သီးနှံအရည်အသွေး မြင့်မားမှုတို့ကို  အမှန်တကယ်ရရှိစေမည် ဖြစ်ပါသည်။