Nitro Complex ဓာတ်မြေသြဇာကို ဘာကြောင့်ရွေးချယ်အသုံးပြုသင့်ပါသလဲ?15-15-15-7S

  • စိုက်ပျိုးမြေကို မပျက်စီးစေဘဲ မြေယာများ၏ မြေချဉ်ငံဓာတ် (Soil PH Level) ကို မျှတစွာထိန်းညှိပေးပြီး တစ်နှစ်ပတ်လုံး သီးနှံများကို စဉ်ဆက်မပြတ် (Crop Rotation) စနစ်များဖြင့် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း။
  • သီးနှံမျိုးစုံတို့တွင် နွေမိုးဆောင်းမရွေး၊ မြေအတန်းအစားမရွေးဘဲ မြေခံမြေသြဇာ (Basal Fertilizer)၊ ဖြည့်စွက်မြေသြဇာ (Top Dressing) များအဖြစ် ထည့်သွင်းအသုံးပြုနိုင်ခြင်း။
  • ၈၀% မှ ၉၀% ထိ ပျော်ဝင်မှုအားကောင်းပြီး အပင်(အမြစ်)မှ ချက်ချင်းစားသုံးနိုင်ခြင်းကြောင့် အပင်အာဟာရကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ပြီး NPK ၏ စားသုံးနိုင်မှုကို တဖြည်းဖြည်းဆွဲဆန့်ပေးနိုင်ခြင်း။
  • ရေငွေ့ပြန်မှု / လေလွင့်ဆုံးရှုံးမှုနည်းပါးခြင်း။
  • အပင်တွင်လိုအပ်သော ဗိုက်တာမင်၊ အင်ဇိုင်း၊ ပရိုတိန်း၊ ဂလူးကိုစ့်တို့ကို ညီမျှစွာပေးနိုင်ခြင်းကြောင့် အပင်၏ ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုညီညွှတ်မျှတလာပြီး အသီးအရောင်နှင့် အရသာကိုပိုကောင်းစေနိုင်ခြင်း။
  • သီးနှံထွက်နှုန်း ၈% မှ ၂၅% ထိ တိုးတက်နိုင်ခြင်း၊ အထွက်နှုန်းညီခြင်း။
  • မိုးနည်းရပ်ဝန်းဒေသများတွင် အသုံးပြုပါက မိုးခေါင်ဒဏ်ကို ပိုမိုခံနိုင်သောကြောင့် မိုးရွာသွန်းမှုနည်းပါးလျှင်တောင် အပင်မှအာဟာရကို ပြည့်ဝစွာစားသုံးနိုင်ခြင်း။
  • တောင်ကုန်း၊ တောင်စောင်းဒေသများတွင်အသုံးပြုပါက မြေမညီညာမှုကြောင့်ဖြစ်တတ်သော အာဟာရဓာတ်လေလွင့်ဆုံးရှုံးမှု လုံးဝမရှိခြင်း။
  • အစိုဓာတ်နည်းပါးသော်လည်း အပင်လောင်ကျွမ်းမှု မရှိခြင်း။

 

သတိပြုရန်အချက်များ

  • Nitro Complex ဓာတ်မြေသြဇာများကို စပါးသီးနှံ တွင် အသုံးမပြုရန်။
  • ကျန်သီးနှံများဖြစ်သော ပြောင်း၊ နှမ်း၊ ကြံ၊ ဂျုံ၊ မြေပဲ၊ ကြက်သွန်၊ အာလူး၊ ခရမ်းချဉ်၊ ငရုတ် စသည့် စားဖိုဆောင်သီးနှံပင်များ ဖရဲ၊ သခွား၊ ငှက်ပျော၊ စပျစ်၊ နဂါးမောက်၊ လိမ္မော် စသည့် သစ်သီးပင်များ၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ မုန်ညှင်း စသည့် အရွက်စားသီးနှံများ၊ ရာဘာ၊ ဆီအုန်းစသည့် နှစ်ရှည်ပင်များ၊ ပဲမျိုးစုံ၊ ပန်းမျိုးစုံ စသဖြင့် သီးနှံပင်မျိုးစုံတွင် အသုံးပြုနိုင်ပါသည်။
  • ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရန်။
  • သဘာဝမြေသြဇာ (organic fertilizer) နှင့် အတူရောစပ်ပြီး မသုံးရန်။
  • ဟင်းသီးဟင်းရွက်များတွင် တစ်ဧကလျှင် (၁)အိတ် မှ (၄)အိတ်အတွင်းသာ သုံးရန်။
  • မျိုးစေ့နှင့်အတူရောပြီးမချရန်။

 

သုံးစွဲပုံအညွှန်း

ကီရာ 15:15:15:7(S)+TE Nitro Complex ဓာတ်မြေသြဇာကို သီးနှံအလိုက်အသုံးပြုနည်း

သီးနှံ သုံးစွဲရမည့်အချိန် တစ်ဧကနှုန်းထား မှတ်ချက်
ပြောင်း၊ နှမ်း၊ ကြံ၊ ဝါ၊ ဂျုံ၊ ဟင်းသီးဟင်းရွက်၊ ပဲမျိုးစုံ မြေခံ အိတ်ဝက်
ရက် ၂၀-၂၅ ခန့် အိတ်ဝက်
ပန်းပွင့်ချိန် အိတ်ဝက်
မြေပဲ၊ အာလူး၊ ကြက်သွန်ဖြူ/နီ မြေခံ ၁ အိတ် စွယ်ချချိန်/ဥဆင်းချိန်တွင် ကျောက်မှုန့်မြေသြဇာ နှင့် ရောစပ်သုံးစွဲပေးပါရန်
ဥဆင်း / စွယ်ချချိန် ၁ အိတ်
ခရမ်းချဉ်၊ ငရုတ်နှင့် စားဖိုဆောင်သီးနှံများ မြေခံ အိတ်ဝက် သီးတင်နှုန်းကောင်းစေရန် အသီးတစ်ခါခူးပြီးတိုင်း အိတ်ဝက်ထည့်ပေးရန်
ပန်းပွင့်ချိန် အိတ်ဝက်
ဖရဲ၊ သခွား၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ပန်းမျိုးစုံ မြေခံ ၁ အိတ်
ရက် ၂၀-၂၅ ခန့် အိတ်ဝက်
အသီးဖမ်း/ထုပ်ချိန် အိတ်ဝက်