15-5-20N, P, K နှင့် S ဓါတ်များ အဓိက ပါဝင်ထားပြီး ပိုတက်စီယမ်ဆာလဖိတ် ပမာဏများများကို ထည့်သွင်းထားပါသည်။ ပိုတက်စီယမ်သည် အပင်ကျန်းမာသန်စွမ်းမှု၊ ပိုးမွှားရောဂါကျရောက်မှု နှင့် ဖိစီးမှုဒဏ် (ရေငတ်ခြင်း / ရေလွှမ်းမိုးခြင်း / ဆီးနှင်းကျခြင်း စသည်) တို့ကို ခံနိုင်ရည် ရှိစေပါသည်။ ထုတ်ကုန်အရည်အသွေး မြင့်မားမှု (အရောင်လှပမှု၊ အနံ့၊ အရသာ) ကိုလည်း ရရှိစေနိုင်ပါသည်။ သိုလှောင်စဉ် သီးနှံများကို အချိန်ကြာကြာ သိုလှောင်သိမ်းဆည်းထားနိုင်ပါသည်။ တစ်နေရာမှ တစ်နေရာ သယ်ယူပို့ဆောင်ရာတွင်လည်း သီးနှံများထိခိုက်ပျက်စီးမှုမှ လျော့နည်းစေပါသည်။ အပင်မှ ချက်ချင်းစားသုံးနိုင်သော နိုက်ထရိတ်နိုက်ထရိုဂျင် နှင့် တဖြည်းဖြည်းချင်းစားသုံးနိုင်သော အမိုနီယမ်နိုက်ထရိုဂျင် သည် သီးနှံပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်ပမာဏကို လုံလုံလောက်လောက် ပေးစွမ်းနိုင်ပါသည်။  မိုနိုအမိုနီယမ်ဖော့စဖိတ်သည် အမြစ်ဖွဲ့စည်းမှုကောင်းစေပြီး အပင်ကြီးထွားဖွံ့ဖြိုးမှု နှင့် အပင်မျိုးပွားခြင်းဆိုင်ရာတို့ကို အကောင်းဆုံး ဖြစ်စေပါသည်။ ဆာလဖာ သည် အပင်သန်စွမ်းမှု၊ အစာချက်လုပ်မှု၊ (ဆောင်းရာသီ) အအေးဒဏ် ခံနိုင်မှု၊ ဇီဝကမ္မဆိုင်ရာလုပ်ဆောင်ချက်များကို မြင့်တင်ပေးပြီး သီးနှံအထွက်နူန်းနှင့် အဆီဓါတ်ပါဝင်မှုတို့ကို တိုးတက်မြင့်မားစေပါသည်။

ကီရာ ၁၅-၅-၂၀ (၈ ဆာလဖာ) + [ အနည်းလို အာဟာရဓါတ်] နိုက်ထရိုကွန်ပလက်စ် ဓါတ်မြေဩဇာကို သုံးစွဲပေးခြင်းအားဖြင့် သီးနှံပင်အားအကောင်းဆုံးကြီးထွားစေခြင်း၊ အထွက်နူန်းနှင့် အရည်အသွေးမြင့်မားခြင်းတို့ကို ရရှိစေမည် ဖြစ်ပါသည်။ ပိုတက်စီယမ် ပါဝင်မှုမြင့်မားသည့်အတွက် သီးနှံပင်များ၏ မျိုးပွားခြင်းဆိုင်ရာကာလမတိုင်မီ အသုံးပြုပေးရန် ပိုမိုသင့်တော်ပါသည်။ ၎င်းသည် ဖရဲ၊ သခွားမွှေး၊ စပျစ်၊ နဂါးမောက်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ အာလူး၊ ငရုတ် စသည့် သီးနှံများတွင် အသုံးပြုရန်သင့်တော်ပါသည်။