ကီရာ 22:9:9 နိုက်ထရိုကွန်ပေါင်း ဓာတ်မြေသြဇာ

ကီရာ 22:9:9 နိုက်ထရိုကွန်ပေါင်းဓာတ်မြေသြဇာသည် ပြောင်းဖူး၊ ကြံ၊ ဝါ၊ ဆေးရွက်ကြီး၊ ငရုတ်၊ ကြက်သွန်၊ မြေပဲ၊ နှမ်း၊ ဂျုံ ၊ ကွမ်း၊ ခရမ်းချဉ်၊ အာလူး၊ ဖရဲ၊ ငှက်ပျော၊ သခွားမွှေး၊ ဟင်းသီးဟင်းရွက်၊ ပန်းမျိုးစုံ၊ ပဲမျိုးစုံ နှင့် သီးစားပင်များအတွက် အထူးထုတ်လုပ်ထားပါသည်။ မြန်မာ့ရာသီဥတုနှင့် ကိုက်ညီသော ယာ၊ ကိုင်း နှင့် မြေနုကျွန်း သီးနှံများအတွက် အထူးသီးသန့်ထုတ်လုပ်ထားသော ဓာတ်မြေသြဇာလည်းဖြစ်သည်။

ကီရာ 22:9:9 နိုက်ထရိုကွန်ပေါင်းဓာတ်မြေသြဇာသည် –

၁။ အမိုးနီးယမ်အသွင်ဖြင့် ထုတ်လုပ်ထားခြင်းကြောင့် အပင်မှ အလွယ်တကူ ပြည့်ပြည့်ဝဝ စားသုံးနိုင်ခြင်း။

၂။ အပင်စားသုံးရန်အဆင့်သို့ အဆင်သင့်ထုတ်လုပ်သောကြောင့် အလေအလွင့် ဆုံးရှုံးမှုနည်းပါးခြင်း။

၃။ အပင်များလိုအပ်သည့် Nitrogen ဓာတ် အာဟာရကို အချိန်တိုအတွင်း အလွယ်တကူ စားသုံးနိုင်ခြင်း။

၎။ အပင်များအတွက် အဆိပ်အတောက် ဖြစ်ပွားမှုနည်းပါးစေခြင်း။

၅။ အများလို အာဟာရဓာတ်များကို အပင်မှ ချက်ချင်း စားသုံးနိုင်သောပုံစံ (Available Form) နှင့် တဖြည်းဖြည်း စားသုံးနိုင်သော ပုံစံ (Total Form) နှစ်မျိုးစလုံး အကျိုးရှိစေနိုင်ခြင်း။

၆။ Urea မြေသြဇာ သီးသန့်အသုံးပြုရန် မလိုအပ်ခြင်း။

၇။ အပင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် အမြစ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု တစ်ပြိုင်နက်တည်း ကောင်းမွန်စေခြင်း။

၈။ Nitrogen ပိုမိုလိုအပ်သော သီးနှံများအတွက် အထူးသင့်လျော်ခြင်း။

၉။ စိုက်ပျိုးမြေဆီလွှာကို မပျက်စီးပဲ ပြုပြင်ထိန်းသိမ်းပေးသည်။

သိုလှောင်ခြင်း –

ကီရာ 22:9:9 ဓာတ်မြေသြဇာကို လေဝင်လေထွက် ကောင်းသောနေရာတွင် ထားပြီးသိုလှောင်ပါ။ စိုစွတ်ပြီး ရေငွေ့ပြန်သော အခန်းထဲတွင် မထားရပါ။