15---15---15-complexဤကွန်ပလက်စ်ဓါတ်မြေဩဇာတွင် အဓိကအရေးကြီးလိုအပ်သော အာဟာရဓါတ်များနှင့် အနည်းလိုအာဟာရဓါတ်များ ထည့်သွင်းထားပါသည်။ နိုက်ထရိတ်နိုက်ထရိုဂျင် နှင့် အမိုနီယမ်နိုက်ထရိုဂျင် ပုံစံနှစ်မျိုးသည် သီးနှံပင်၏ ပင်ပိုင်းကြီးထွားမှုနှင့် အထွက်နူန်းကို တိုးမြင့်ပေးသည်။ သီးနှံပင်အတွက် နိုက်ထရိုဂျင်ဓါတ် လုံလုံလောက်လောက်ပေးနိုင်ပြီး အာဟာရဓါတ်ဆုံးရှုံးရမှုကိုလည်း လျော့နည်းစေပါသည်။ မိုနိုအမိုနီယမ်ဖော့စဖိတ်သည် အမြစ်ဖွဲ့စည်းမှုကောင်းစေပြီး အပင်ကြီးထွားဖွံ့ဖြိုးမှု နှင့် အပင်မျိုးပွားခြင်းဆိုင်ရာတို့ကို အကောင်းဆုံး ဖြစ်စေပါသည်။ ပိုတက်စီယမ်ဆာလဖိတ်သည် သီးနှံပင်များ၏ ပိုးမွှားရောဂါကျရောက်မှုဒဏ်တို့ကို ခံနိုင်ရည်ရှိမှုကို မြင့်တင်ပေးပါသည်။ ဆာလဖာသည်လည်း အပင်၏ဇီဝကမ္မဖြစ်စဉ်များကို အထောက်အကူပြုသည်။ အအေးဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအထွက်နူန်း၊ အဆီဓါတ်ပါဝင်မှုတို့ကို တိုးတက်မြင့်မားစေသည်။  ကယ်လ်စီယမ်သည် ဖိစီးမှုဒဏ်(ပတ်ဝန်းကျင် အခြေအနေများ) အပေါ် ခံနိုင်ရည်အားကို တိုးစေပါသည်။ ဘိုရွန်သည် ဝတ်မှုန်ကူးခြင်း၊ အသီးနှင့်အစေ့အဆန် ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုသည်။ မဂ္ဂနီစီယမ်သည် အဆီဓါတ်ဖြစ်ပေါ်မှုကို အားပေးသည်။ ဇင့်သည် အပင်ကောင်းစွာကြီးထွားဖွံ့ဖြိုးမှုနှင့် အထွက်နူန်းမြင့်မားအတွက် အထောက်အကူပြုပါသည်။

မြေဩဇာအလုံးတိုင်းတွင် N-P-K-S နှင့် အခြားအပင်အာဟာရဓါတ်များ ပါဝင်ထည့်သွင်းထားပါသည်။ လုံးဝန်းချောမွတ်ပြီး အရွယ်အစားတူညီသည့်အတွက် လက် သို့မဟုတ် စက်အသုံးပြုရာတွင် လွယ်ကူစေပါသည်။ သီးနှံစိုက်ပျိုထုတ်လုပ်မှုကာလ တစ်လျှောက်လုံးတွင် အကျိုးရှိစွာ အသုံးပြုနိုင်ပါသည်။ ကီရာ ၁၅-၁၅-၁၅ (၇ ဆာလဖာ) ကွန်ပလက်စ်ဓါတ်မြေဩဇာကို အသုံးပြုခြင်းအားဖြင့် အမြင့်မားဆုံးအထွက်နူန်းနှင့် အရည်အသွေးကို  သေချာရရှိစေမည် ဖြစ်ပါသည်။