အက်စ်ပီ ၃၃၃

SP 333တစ်ဖူးအောင်မျိုးဖြစ်သော အက်စ်ပီ  ၃၃၃ကို ထိုင်းနိုင်ငံမှ တင်သွင်းပြီး  ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ မျိုးစေ့သန့်စင်မှုနူန်း ကောင်းမွန်ပြီး အပင်ပေါက်ရာခိုင်နူန်းမှာ ၉၀% ရှိပါသည်။ ပြောင်းပင် ကျန်းမာသန်စွမ်းပြီး အမြစ်ကုပ်တွယ်မှု အားကောင်းသည်။ ထို့ကြောင့် ယိုင်လဲမှု၊ ပိုးမွှားရောဂါကျရောက်မှုကို အတန်အသင့် ခံနိုင်ရည်ရှိစေပါသည်။ ပြောင်းဖူးညီညာပြီး ဖက်လုံမှုရှိပါသည်။ ပြောင်းဖူးများသည် အစေ့အဆန် ပြည့်ဝပါသည်။ အစေ့အရောင် လိမ္မော်ရောင် တောက်ပပါသည်။ မြေပြန့်ဒေသများတွင် စိုက်ပျိုးပြီးရက်ပေါင်း (၁၀၅)ရက် နှင့် တောင်ပေါ်ဒေသများတွင် စိုက်ပျိုးပြီးရက်ပေါင်း (၁၁၀ -၁၃၀) ရက်တွင် ရိတ်သိမ်းပေးနိုင်ပါသည်။ အစေ့ထွက်ရာခိုင်နူန်းလည်း မြင့်မားပြီး တစ်ဧကလျှင့် (၂၅၀၀) ကီလိုဂရမ်အထိ ထွက်ရှိနိုင်သည့် အထွက်နူန်းကောင်းမျိုး ဖြစ်ပါသည်။ တောင်ပေါ်မြေပြန့်ဒေသများတွင် ရာသီဥတုမရွေး စိုက်ပျိုးနိုင်ပါသည်။