၁၅၁၅၁၅ ( ဆာလဖာ) + ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်၊ ဘိုရွန် ကွန်ပေါင်းဓါတ်မြေဩဇာ

15--15-15-compoundကွန်ပေါင်းဓါတ်မြေဩဇာများထဲမှ အမျိုးအစားတစ်ခုဖြစ်ပါသည်။ မြေဩဇာအလုံးတိုင်းတွင် သီးနှံပင် ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော N,P,K,S နှင့် အခြားအာဟာရဓါတ်များ (Ca, Mg, Zn, B) အချိုးမျှတစွာ ပါဝင်ထားပါသည်။ နိုက်ထရိုဂျင်ဓါတ်သည် ပင်ပိုင်းကြီးထွား ဖွံ့ဖြိုးမှုနှင့် အသီးအရွယ်အစား ကြီးထွားမှုတို့အတွက် အရေးပါသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှု နှင့် မျိုးပွားပိုင်းဆိုင်ရာ များအတွက် ဖော့စဖိတ် ပမာဏများများ လိုအပ်ပါသည်။ ပိုတက်စီယမ်ကလိုရိုဒ် အစား ပိုတက်စီယမ်ဆာလဖိတ် ကို ထည့်သွင်းအသုံးပြုထားပါသည်။ ထို့ကြောင့် ကလိုရိုဒ်မနှစ်သက်သော သီးနှံများတွင် အသုံးပြုရန် သင့်တော်ပါသည်။ ဆာလဖာပါဝင်မှုသည် အပင်အား တောင့်တင်းသန်မာစေပြီး ဇီဝကမ္မဖြစ်စဉ်များကို မြင့်တင်ပေးကာ သီးနှံအထွက်နူန်း နှင့် အဆီပါဝင်မှုနူန်းတို့ကို တိုးစေပါသည်။ ကယ်လ်စီယမ်သည် သီးနှံပင်အား ပြင်ပပတ်ဝန်းကျင်မှ သက်ရောက်မှုဒဏ် ကို ခံနိုင်ရည်တိုးစေပါသည်။ ဘိုရွန်သည် ဝတ်မှုန်ကူးခြင်း၊ အသီးနှင့် အစေ့အဆန်များဖြစ်ပေါ်မှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ မဂ္ဂနီစီယမ်သည် အဆီထုတ်လုပ်မှုကို အားပေးသည်။ ဇင့် သည် သီးနှံပင်အား ကောင်းကောင်းရှင်သန်ကြီးထွားစေပြီး အထွက်နူန်းကို မြင့်မားစေပါသည်။ ၁၅-၁၅-၁၅ (၇ ဆာလဖာ) + [အနည်းလိုအာဟာရ] ကွန်ပေါင်းဓါတ်မြေဩဇာကို စပါး၊ ဂျုံ၊ ပြောင်း၊ ဝါ၊ ပဲအမျိုးမျိုး၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်၊ ငရုတ် နှင့် ပန်းပင်များ စသည့်သီးနှံများတွင် အသုံးပြုပေးနိုင်ပါသည်။