15--5---25-(8S)-complexပိုးမွှားရောဂါကျရောက်မှုနှင့် ရာသီဥတုအခြေအနေများ (ရေငတ်ခြင်း / ရေလွှမ်းမိုးခြင်း / ဆီးနှင်းကျခြင်း စသည်) တို့ကို ခံနိုင်ရည်ရှိလာစေရန် ပိုတက်စီယမ်ဆာလဖိတ် ပမာဏများများကို ထည့်သွင်းထားပါသည်။ အရည်အသွေးမြင့်မားသော ထုတ်ကုန် (အရောင်လှ ၊ အနံ့၊ အရသာ)ကိုလည်း ရရှိစေပါသည်။ သိုလှောင်စဉ် သီးနှံများကို အချိန်ကြာရှည်စွာ သိမ်းဆည်းထားနိုင်ပါသည်။  တစ်နေရာမှ တစ်နေရာ သယ်ယူပို့ဆောင်ရာတွင်လည်း သီးနှံများထိခိုက်ဆုံးရှုံးရမှုမှ လျော့နည်းစေပါသည်။ အပင်မှ ချက်ချင်းစားသုံးနိုင်သော နိုက်ထရိတ်နိုက်ထရိုဂျင် နှင့် တဖြည်းဖြည်းချင်း စားသုံးနိုင်သော အမိုနီယမ်နိုက်ထရိုဂျင်သည် သီးနှံပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်ပမာဏကို လုံလုံလောက်လောက် ပေးစွမ်းနိုင်ပြီး အာဟာရဓါတ်ဆုံးရှုံးရမှုကိုပါ လျှော့ချပေးပါသည်။ မိုနိုအမိုနီယမ်ဖော့စဖိတ်သည် အမြစ်ဖွဲ့စည်းမှုကောင်းစေပြီး အပင်ကြီးထွားဖွံ့ဖြိုးမှု နှင့် အပင်မျိုးပွားခြင်းဆိုင်ရာတို့ကို အကောင်းဆုံး ဖြစ်စေပါသည်။

ကီရာ ၁၅၂၅ ( ဆာလဖာ)+[အနည်းလိုအာဟာရ] နိုက်ထရိုကွန်ပလက်စ် ဓါတ်မြေဩဇာကို သုံးစွဲပေးခြင်းအားဖြင့်

အပင်၏ ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်များကို ကူညီပေးခြင်း

သီးနှံပင်၏ ကျန်းမာသန်စွမ်းမှုကို အားပေးခြင်း

သီးနှံပင်တွင် အစိမ်းရောင်ကြာရှည်ခံခြင်း

ပင်စည်၊ အကိုင်းအခက်၊ ဆဲလ်နံရံများကို တောင့်တင်းစေခြင်း

ပိုးမွှားရောဂါနှင့် ဖိစီးမှု တို့ကို ခံနိုင်ရည်ရှိစေခြင်း

ပန်းပွင့်ခြင်း၊ ဝတ်မှုန်ကူးခြင်း နှင့် အစေ့အဆန်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း

အသီးများတွင် ခူးဆွတ်သည့်အကြိမ်အရေအတွက် များစေခြင်း

သီးနှံအရည်အသွေးကို ပိုမိုကောင်းမွန်စေခြင်း (အရောင်၊ အနံ့၊ အရသာ)

သီးနှံအထွက်နူန်းနှင့် ဆီပါဝင်မှုကို တိုးလာစေခြင်း

ကီရာ ၁၅-၅-၂၅ (၈ ဆာလဖာ)+[အနည်းလိုအာဟာရ] နိုက်ထရိုကွန်ပလက်စ် ဓါတ်မြေဩဇာကို သုံးစွဲပေးခြင်းအားဖြင့် အပင်ကောင်းစွာကြီးထွားဖွံ့ဖြိုးမှု၊ အထွက်နူန်းနှင့် အရည်အသွေးမြင့်မားမှုတို့ကို ရရှိစေပါမည်။ သီးနှံပင်များ၏ မျိုးပွားခြင်းဆိုင်ရာကာလမတိုင်မီ အသုံးပြုပေးရန် ပိုမိုသင့်တော်ပါသည်။ ဖရဲ၊ သခွားမွှေး၊ စပျစ်၊ နဂါးမောက်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ အာလူး၊ ငရုတ် စသည့်သီးနှံများတွင် အထွက်နူန်းမြင့်မားပြီး အရည်အသွေးမြင့်မားသော ထုတ်ကုန်များရရှိစေရန် အကျိုးရှိရှိ အသုံးပြုပေးနိုင်ပါသည်။