ရွက်ဖြန်းမြေဩဇာ
ကီရာဘက်စုံ (၁၉–၁၉–၁၉ + အနည်းလိုအာဟာရဓါတ်)
ပါဝင်ပစ္စည်းများ
နိုက်ထရိုဂျင် – ၁၉ % ဘိုရွန် – ၀.၂၈ %
ဖော့စ်ဖရပ် – ၁၉ % အိုင်ရွန်း – ၀.၀၄ %
ပိုတက်စီယမ် – ၁၉ % မဂ္ဂနီစီယမ် – ၀.၁၀ %
မဂ္ဂနိ- ၀.၀၄ % မော်လစ်ဒီနမ် – ၀.၀၅ %
ဇင့် – ၀.၁၅ % ဟူးမစ်အက်စစ် – ၁.၀၀ %
ကီရာဘက်စုံ တွင် N, P, K နှင့် အခြားအာဟာရဓါတ်များပါ ပါဝင်ပါသည်။ ရွက်ဖြန်းမြေဩဇာ တစ်မျိုးဖြစ်ပြီး သီးနှံပင်၏ အရွက်များသို့ တိုက်ရိုက်အသုံးပြုပေးနိုင်ပါသည်။ သီးနှံပင်မှလည်း အာဟာရဓါတ်များကို အလျင်အမြန် ချက်ချင်း စုပ်ယူစားသုံးနိုင်သည်။ ထို့ကြောင့် သီးနှံပင်များ ကြီးထွားဖွံ့ဖြိုးမှုများအတွက် ၎င်းသည် မြေဆီလွှာအတွင်း အာဟာရဓါတ် ထည့်သွင်းပေးရခြင်းများထက် ပိုမိုမြန်ဆန်စွာနှင့် အကျိုးရှိရှိလုပ်ဆောင်ပေးနိုင်ပါသည်။ ရွက်ဖြန်းမြေဩဇာများသည် အပင်အာဟာရဓါတ်ချို့တဲ့မှု ပြဿနာများကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်ပါသည်။ ၎င်းတို့သည် သီးနှံပင်အား ရေကိုပိုမိုရယူနိုင်ရန် အားပေးခြင်းဖြင့် မြေဆီလွှာမှ အာဟာရဓါတ် ရယူစားသုံးမှုကို တိုးမြင့်စေပါသည်။
ထို့ကြောင့် ကီရာဘက်စုံရွက်ဖြန်းမြေဩဇာသည် သီးနှံပင်များ၏ ဇီဝကမ္မဖြစ်စဉ်များကို တိုးမြင့်ပေးသည်၊ သီးနှံပင် ကို ကောင်းစွာကြီးထွားဖွံ့ဖြိုးစေပြီး အထွက်နူန်းနှင့် အရည်အသွေးတို့ကို သိသိသာသာ မြင့်မားစေပါသည်။