အိတ်ချ်ခေ ၉၃၃

ထိုင်းနိုင်ငံမှ တင်သွင်းလာသော တစ်ဖူးအောင် စပ်မျိုးပြောင်းဖြစ်ပါသည်။ အပင်ပေါက်ရာခိုင်နူန်း ကောင်းမွန်ပါသည်။ ပြောင်းပင် ကောင်းစွာသန်စွမ်းသည့်အတွက် ရေငတ်ခြင်း၊ ရေလွှမ်းမိုးခြင်း စသည့် ပတ်ဝန်းကျင်သက်ရောက်မှုများကို အတန်အသင့် ခံနိုင်ရည်ရှိလာစေပါသည်။ အမြစ်ဖွဲ့စည်းမှုလည်း ကောင်းမွန်သည့်အတွက် အပင်ယိုင်လဲမှုမရှိပါ။ ပြောင်းဖူးရင့်သည်အထိ အစိမ်းရောင်မပျက်ဘဲ အစာချက်လုပ်နိုင်ပါသည်။ အဖူးဖက်လုံပြီး အဖူးပုပ်မတွေ့ရပါ။ အစေ့တန်းညီညာမှုရှိပါသည်။ အူတိုင်သေးသွယ်သည်။ အစေ့အရောင်မှာ လိမ္မော်‌ရောင်ရှိပါသည်။ စိုက်ပျိုးပြီးရက်ပေါင်း (၁၀၅ – ၁၁၅) ရက်တွင် ရိတ်သိမ်းပေးနိုင်ပါသည်။ အစေ့ထွက်ရာခိုင်နူန်းကောင်းမွန်ပြီး အထွက်နူန်းမှာ တစ်ဧကလျှင် (၃၃၀၀) ကီလိုဂရမ် အထိ ထွက်ရှိနိုင်ပါသည်။ အထွက်နူန်းမြင့်မားသော အိတ်ချ်ခေ ၉၃၃ စပ်မျိုးပြောင်းသည် တောင်ပေါ်မြေပြန့်ဒေသများတွင် ရာသီမရွေး စိုက်ပျိုးနိုင်ပါသည်။