အိတ်ချ်တီခေ ၁၅၀ ၂၄၇

HTK 150 247အိတ်ချ်တီခေ ၁၅၀ ၂၄၇သည်  ထိုင်းနိုင်ငံမှ တင်သွင်းလာသော တစ်ဖူးအောင်စပ်မျိုးပြောင်း ဖြစ်ပါသည်။ အပင်ပေါက်နူန်း ကောင်းမွန်ပါသည်။ ပြောင်းပင်များသည် ကောင်းစွာဖြစ်ထွန်းသန်စွမ်းသည့်အတွက် ပိုးမွှားရောဂါကျရောက်မှုနှင့် ပတ်ဝန်းကျင်သက်ရောက်မှု (ရေငတ်ခြင်း/ရေလွှမ်းမိုးခြင်း စသည်)တို့ကို အတန်အသင့် ခံနိုင်ရည်ရှိစေပါသည်။ ပြောင်းဖူးကြီးပြီး ညီညာမှုရှိကာ ပြောင်းဖက်လုံပါသည်။ အစေ့ထွက်ရာခိုင်နူန်း ကောင်းမွန်ပြီး အစေ့အရောင်မှာ လိမ္မော်ရောင်ရှိသည်။ စိုက်ပျိုးပြီးရက်ပေါင်း (၁၂၀)ရက်တွင် ရိတ်သိမ်းပေးနိုင်ပါသည်။  အထွက်နူန်းမှာ တစ်ဧကလျှင် (၃၇၀၀) ကီလိုဂရမ် ရရှိနိုင်ပါသည်။ မျိုး၏ထူးခြားချက်မှာ ပြောင်းဖူးများရင့်သွားသည့်တိုင် အပင်တွင် အစိမ်းရောင်မပျက်ဘဲ အစာချက်လုပ်နိုင်ခြင်း ဖြစ်ပါသည်။ အိတ်ချ်တီခေ ၁၅၀ ၂၄၇ စပ်မျိုးပြောင်းသည် တောင်ပေါ်မြေပြန့် ဒေသနှစ်မျိုးစလုံးတွင် စိုက်ပျိုးနိုင်သော အထွက်နူန်းမြင့်မားသည့် မျိုးတစ်မျိုးဖြစ်ပါသည်။


Warning: count(): Parameter must be an array or an object that implements Countable in /home/gracegfd123/public_html/wp-includes/class-wp-comment-query.php on line 399