ထုတ်ကုန်များ

Green Farm Development Co.,Ltd မှ ထုတ်လုပ်သော ဓာတ်မြေသြဇာများ

22-9-9-complexကီရာ 22:9:9 နိုက်ထရိုကွန်ပေါင်းဓာတ်မြေသြဇာ သည် မြေဩဇာအလုံးတိုင်းတွင်  အာဟာရဓါတ်များ မျှတစွာ ပါဝင်သော နိုက်ထရိုကွန်ပလက်စ် ဓါတ်မြေဩဇာအမျိုးအစား တစ်ခုဖြစ်သည်။ ရေတွင် ပျော်ဝင်နိုင်စွမ်းမြင့်မားသည့်အတွက် သီးနှံပင်မှ အာဟာရဓါတ်များကို အလွယ်တကူ စားသုံးနိုင်သောကြောင့် အာဟာရဓါတ်ဆုံးရှုံးရမှုကို လျှော့ချပေးနိုင်ပါသည်။ နိုက်ထရိုဂျင်အရင်းအမြစ်အဖြစ် နိုက်ထရိတ် နိုက်ထရိုဂျင်နှင့် အမိုနီယမ်နိုက်ထရိုဂျင် တို့ ပါဝင်ထည့်သွင်းထားပါသည်။ နိုက်ထရိုဂျင်ပုံစံနှစ်မျိုး ပါရှိသည့်အတွက် သီးနှံပင်များတွင် အစိမ်းရောင်ဖြစ်ပေါ်မှု ကြာရှည်ခံစေကာ အစာချက်လုပ်မှုကို အထောက်အကူပြုပြီး သီးနှံပင်အား ကျန်းမာသန်စွမ်းစေပါသည်။ အရည်အသွေး ပိုမိုကောင်းမွန်ပြီး ရေတွင်ပျော်ဝင်နိုင်စွမ်းမြင့်မားသော မိုနိုအမိုနီယမ်ဖော့စဖိတ် သည် အမြစ်ဖွဲ့စည်းမှု ကောင်းမွန်စေခြင်း၊ သီးနှံပင်၏ ကြီးထွားဖွံ့ဖြိုးမှု မြင့်မားစေခြင်း နှင့် မျိုးပွားခြင်းဆိုင်ရာ (အသီးအပွင့်ဖြစ်ပေါ်မှု) ကာလများအတွက် အထောက်အကူပြုပါသည်။ ပိုတက်စီယမ်ဆာလဖိတ် အနေဖြင့်လည်း ရောဂါပိုးမွှားကျရောက်မှုဒဏ်နှင့် ဖိစီးမှု( ရေငတ်ခြင်း၊ ရေလွှမ်းမိုးခြင်း / ဆီးနှင်းကျခြင်း) တို့ကို ခံနိုင်ရည်ရှိစေပါသည်။

15---15---15-complex

  • ဤကွန်ပလက်စ်ဓါတ်မြေဩဇာတွင် အဓိကအရေးကြီးလိုအပ်သော အာဟာရဓါတ်များနှင့် အနည်းလိုအာဟာရဓါတ်များ ထည့်သွင်းထားပါသည်။ နိုက်ထရိတ်နိုက်ထရိုဂျင် နှင့် အမိုနီယမ်နိုက်ထရိုဂျင် ပုံစံနှစ်မျိုးသည် သီးနှံပင်၏ ပင်ပိုင်းကြီးထွားမှုနှင့် အထွက်နူန်းကို တိုးမြင့်ပေးသည်။ သီးနှံပင်အတွက် နိုက်ထရိုဂျင်ဓါတ် လုံလုံလောက်လောက်ပေးနိုင်ပြီး အာဟာရဓါတ်ဆုံးရှုံးရမှုကိုလည်း လျော့နည်းစေပါသည်။ မိုနိုအမိုနီယမ်ဖော့စဖိတ်သည် အမြစ်ဖွဲ့စည်းမှုကောင်းစေပြီး အပင်ကြီးထွားဖွံ့ဖြိုးမှု နှင့် အပင်မျိုးပွားခြင်းဆိုင်ရာတို့ကို အကောင်းဆုံး ဖြစ်စေပါသည်။ ပိုတက်စီယမ်ဆာလဖိတ်သည် သီးနှံပင်များ၏ ပိုးမွှားရောဂါကျရောက်မှုဒဏ်တို့ကို ခံနိုင်ရည်ရှိမှုကို မြင့်တင်ပေးပါသည်။ ဆာလဖာသည်လည်း အပင်၏ဇီဝကမ္မဖြစ်စဉ်များကို အထောက်အကူပြုသည်။ အအေးဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအထွက်နူန်း၊ အဆီဓါတ်ပါဝင်မှုတို့ကို တိုးတက်မြင့်မားစေသည်။  ကယ်လ်စီယမ်သည် ဖိစီးမှုဒဏ်(ပတ်ဝန်းကျင် အခြေအနေများ) အပေါ် ခံနိုင်ရည်အားကို တိုးစေပါသည်။ ဘိုရွန်သည် ဝတ်မှုန်ကူးခြင်း၊ အသီးနှင့်အစေ့အဆန် ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုသည်။ မဂ္ဂနီစီယမ်သည် အဆီဓါတ်ဖြစ်ပေါ်မှုကို အားပေးသည်။ ဇင့်သည် အပင်ကောင်းစွာကြီးထွားဖွံ့ဖြိုးမှုနှင့် အထွက်နူန်းမြင့်မားအတွက် အထောက်အကူပြုပါသည်။မြေဩဇာအလုံးတိုင်းတွင် N-P-K-S နှင့် အခြားအပင်အာဟာရဓါတ်များ ပါဝင်ထည့်သွင်းထားပါသည်။ လုံးဝန်းချောမွတ်ပြီး အရွယ်အစားတူညီသည့်အတွက် လက် သို့မဟုတ် စက်အသုံးပြုရာတွင် လွယ်ကူစေပါသည်။ သီးနှံစိုက်ပျိုထုတ်လုပ်မှုကာလ တစ်လျှောက်လုံးတွင် အကျိုးရှိစွာ အသုံးပြုနိုင်ပါသည်။ ကီရာ ၁၅-၁၅-၁၅ (၇ ဆာလဖာ) ကွန်ပလက်စ်ဓါတ်မြေဩဇာကို အသုံးပြုခြင်းအားဖြင့် အမြင့်မားဆုံးအထွက်နူန်းနှင့် အရည်အသွေးကို  သေချာရရှိစေမည် ဖြစ်ပါသည်။

15--5---25-(8S)-complex

ပိုးမွှားရောဂါကျရောက်မှုနှင့် ရာသီဥတုအခြေအနေများ (ရေငတ်ခြင်း / ရေလွှမ်းမိုးခြင်း / ဆီးနှင်းကျခြင်း စသည်) တို့ကို ခံနိုင်ရည်ရှိလာစေရန် ပိုတက်စီယမ်ဆာလဖိတ် ပမာဏများများကို ထည့်သွင်းထားပါသည်။ အရည်အသွေးမြင့်မားသော ထုတ်ကုန် (အရောင်လှ ၊ အနံ့၊ အရသာ)ကိုလည်း ရရှိစေပါသည်။ သိုလှောင်စဉ် သီးနှံများကို အချိန်ကြာရှည်စွာ သိမ်းဆည်းထားနိုင်ပါသည်။  တစ်နေရာမှ တစ်နေရာ သယ်ယူပို့ဆောင်ရာတွင်လည်း သီးနှံများထိခိုက်ဆုံးရှုံးရမှုမှ လျော့နည်းစေပါသည်။ အပင်မှ ချက်ချင်းစားသုံးနိုင်သော နိုက်ထရိတ်နိုက်ထရိုဂျင် နှင့် တဖြည်းဖြည်းချင်း စားသုံးနိုင်သော အမိုနီယမ်နိုက်ထရိုဂျင်သည် သီးနှံပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်ပမာဏကို လုံလုံလောက်လောက် ပေးစွမ်းနိုင်ပြီး အာဟာရဓါတ်ဆုံးရှုံးရမှုကိုပါ လျှော့ချပေးပါသည်။ မိုနိုအမိုနီယမ်ဖော့စဖိတ်သည် အမြစ်ဖွဲ့စည်းမှုကောင်းစေပြီး အပင်ကြီးထွားဖွံ့ဖြိုးမှု နှင့် အပင်မျိုးပွားခြင်းဆိုင်ရာတို့ကို အကောင်းဆုံး ဖြစ်စေပါသည်။

ကီရာ ၁၅၂၅ ( ဆာလဖာ)+[အနည်းလိုအာဟာရ] နိုက်ထရိုကွန်ပလက်စ် ဓါတ်မြေဩဇာကို သုံးစွဲပေးခြင်းအားဖြင့်

အပင်၏ ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်များကို ကူညီပေးခြင်း

သီးနှံပင်၏ ကျန်းမာသန်စွမ်းမှုကို အားပေးခြင်း

သီးနှံပင်တွင် အစိမ်းရောင်ကြာရှည်ခံခြင်း

ပင်စည်၊ အကိုင်းအခက်၊ ဆဲလ်နံရံများကို တောင့်တင်းစေခြင်း

ပိုးမွှားရောဂါနှင့် ဖိစီးမှု တို့ကို ခံနိုင်ရည်ရှိစေခြင်း

ပန်းပွင့်ခြင်း၊ ဝတ်မှုန်ကူးခြင်း နှင့် အစေ့အဆန်ကြီးထွားဖွံ့ဖြိုးမှုကို အားပေးခြင်း

အသီးများတွင် ခူးဆွတ်သည့်အကြိမ်အရေအတွက် များစေခြင်း

သီးနှံအရည်အသွေးကို ပိုမိုကောင်းမွန်စေခြင်း (အရောင်၊ အနံ့၊ အရသာ)

သီးနှံအထွက်နူန်းနှင့် ဆီပါဝင်မှုကို တိုးလာစေခြင်း

ကီရာ ၁၅-၅-၂၅ (၈ ဆာလဖာ)+[အနည်းလိုအာဟာရ] နိုက်ထရိုကွန်ပလက်စ် ဓါတ်မြေဩဇာကို သုံးစွဲပေးခြင်းအားဖြင့် အပင်ကောင်းစွာကြီးထွားဖွံ့ဖြိုးမှု၊ အထွက်နူန်းနှင့် အရည်အသွေးမြင့်မားမှုတို့ကို ရရှိစေပါမည်။ သီးနှံပင်များ၏ မျိုးပွားခြင်းဆိုင်ရာကာလမတိုင်မီ အသုံးပြုပေးရန် ပိုမိုသင့်တော်ပါသည်။ ဖရဲ၊ သခွားမွှေး၊ စပျစ်၊ နဂါးမောက်၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ အာလူး၊ ငရုတ် စသည့်သီးနှံများတွင် အထွက်နူန်းမြင့်မားပြီး အရည်အသွေးမြင့်မားသော ထုတ်ကုန်များရရှိစေရန် အကျိုးရှိရှိ အသုံးပြုပေးနိုင်ပါသည်။

 

15--15-15-compound

၁၅၁၅၁၅ ( ဆာလဖာ) + ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်၊ ဘိုရွန် ကွန်ပေါင်းဓါတ်မြေဩဇာ

ကွန်ပေါင်းဓါတ်မြေဩဇာများထဲမှ အမျိုးအစားတစ်ခုဖြစ်ပါသည်။ မြေဩဇာအလုံးတိုင်းတွင် သီးနှံပင် ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော N,P,K,S နှင့် အခြားအာဟာရဓါတ်များ (Ca, Mg, Zn, B) အချိုးမျှတစွာ ပါဝင်ထားပါသည်။ နိုက်ထရိုဂျင်ဓါတ်သည် ပင်ပိုင်းကြီးထွား ဖွံ့ဖြိုးမှုနှင့် အသီးအရွယ်အစား ကြီးထွားမှုတို့အတွက် အရေးပါသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှု နှင့် မျိုးပွားပိုင်းဆိုင်ရာ များအတွက် ဖော့စဖိတ် ပမာဏများများ လိုအပ်ပါသည်။ ပိုတက်စီယမ်ကလိုရိုဒ် အစား ပိုတက်စီယမ်ဆာလဖိတ် ကို ထည့်သွင်းအသုံးပြုထားပါသည်။ ထို့ကြောင့် ကလိုရိုဒ်မနှစ်သက်သော သီးနှံများတွင် အသုံးပြုရန် သင့်တော်ပါသည်။ ဆာလဖာပါဝင်မှုသည် အပင်အား တောင့်တင်းသန်မာစေပြီး ဇီဝကမ္မဖြစ်စဉ်များကို မြင့်တင်ပေးကာ သီးနှံအထွက်နူန်း နှင့် အဆီပါဝင်မှုနူန်းတို့ကို တိုးစေပါသည်။ ကယ်လ်စီယမ်သည် သီးနှံပင်အား ပြင်ပပတ်ဝန်းကျင်မှ သက်ရောက်မှုဒဏ် ကို ခံနိုင်ရည်တိုးစေပါသည်။ ဘိုရွန်သည် ဝတ်မှုန်ကူးခြင်း၊ အသီးနှင့် အစေ့အဆန်များဖြစ်ပေါ်မှုအတွက် မရှိမဖြစ်လိုအပ်ပါသည်။ မဂ္ဂနီစီယမ်သည် အဆီထုတ်လုပ်မှုကို အားပေးသည်။ ဇင့် သည် သီးနှံပင်အား ကောင်းကောင်းရှင်သန်ကြီးထွားစေပြီး အထွက်နူန်းကို မြင့်မားစေပါသည်။ ၁၅-၁၅-၁၅ (၇ ဆာလဖာ) + [အနည်းလိုအာဟာရ] ကွန်ပေါင်းဓါတ်မြေဩဇာကို စပါး၊ ဂျုံ၊ ပြောင်း၊ ဝါ၊ ပဲအမျိုးမျိုး၊ ခရမ်းချဉ်၊ အာလူး၊ ကြက်သွန်၊ ငရုတ် နှင့် ပန်းပင်များ စသည့်သီးနှံများတွင် အသုံးပြုပေးနိုင်ပါသည်။
 

16-8-8-(14S)-compound

16:8:8(14S)+ Ca,Mg,Zn,B (Shwe Kiya)

It is mainly produced to get high yielding and quality grains in the rice production. The primary nutrients (N,P,K), the secondary nutrients (Ca,Mg,S) and the micro nutrients (Zn,B) are added in Shwe Kiya specialized compound fertilizer. All these nutrients are essential to achieve the high quality and yield in the rice production.

By using Shwe Kiya (rice) specialized compound fertilizer, the following advantages can be achieved.

  • Enhance the plant metabolism functions and the rate of photosynthesis
  • Stay green on plant for a long time
  • Sturdy the plant and reduce lodging
  • Resistant to pest and disease infection
  • Good tillering
  • Encourage the seed development and less unfilled grains
  • Uniform ripening and high yielding
  • Can reduce the soil degradation

Shwe Kiya (rice) specialized compound fertilizer can also be used in corn, wheat, sesame, sugarcane, cotton and beans etc.

၁၆-၈-၈(၁၄ ဆာလဖာ)+ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်၊ဘိုရွန် [ရွှေကီရာ] 

စပါးစိုက်ပျိုးရာတွင် အထွက်နူန်းနှင့် အစေ့အဆန်အရည်အသွေး မြင့်မားစေရန် အဓိကရည်ရွယ်ထုတ်လုပ်ထားပါသည်။ ပထမအရေးကြီးလိုအပ်သော အာဟာရဓါတ်များ (N,P,K)၊ ဒုတိယအရေးကြီး လိုအပ်သော အာဟာရဓါတ်များ (Ca,Mg,S) နှင့် အနည်းလိုအာဟာရဓါတ်များ (Zn,B)ကို ထည့်သွင်းထားပါသည်။ ၎င်းအာဟာရဓါတ်များအားလုံးသည် အထွက်နူန်းနှင့် အရည်အသွေးမြင့်မားစွာ ရရှိစေရန် မရှိမဖြစ် လိုအပ်ပါသည်။

ရွှေကီရာ (စပါး အထူး) ကွန်ပေါင်းဓါတ်မြေဩဇာကို အသုံးပြုခြင်းအားဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။

၁။ အပင်ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်များနှင့် အစာချက်လုပ်နူန်းကို အားပေးခြင်း

၂။ အပင်တွင် အစိမ်းရောင်ကြာရှည်ခံစေခြင်း

၃။ အပင်ကို‌တောင့်တင်းသန်မာစေပြီး ယိုင်လဲမှုကို လျှော့ချပေးခြင်း

၄။ ပိုးမှားရောဂါ ကျရောက်မှုကို ခံနိုင်ရည်ရှိစေခြင်း

၅။ ပင်ပွားထွက်ရှိမှု ကောင်းစေခြင်း

၆။ အစေ့အဆန် ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး အဖျင်းစေ့များ နည်းပါးစေခြင်း

၇။ ရင့်မှည့်မှုညီညာစေခြင်း နှင့် အထွက်နူန်းမြင့်မားစေခြင်း

၈။ မြေဆီလွှာပျက်စီးမှုကို လျော့နည်းစေခြင်း

ရွှေကီရာ(စပါးအထူး) ကွန်ပေါင်းဓါတ်မြေဩဇာကို ပြောင်း၊ ဂျုံ၊ နှမ်း၊ ကြံ၊ ဝါ နှင့် ပဲအမျိုးမျိုး တို့တွင်လည်း သုံးစွဲနိုင်ပါသည်။

 

ဟန်နုမာအမှတ်တံဆိပ် SP 333 ၏ ထူးခြားချက်

  • အပင်ပေါက်နှုန်း ၉၀% နှင့် အထက်ရှိသည်။
  • ရာသီဥတုဒဏ် နှင့် မိုးခေါင်ဒဏ် ခံနိုင်ရည်ကောင်းသည်။
  • အမြစ်ကုပ်တွယ်မှုအားကောင်းပြီး ပင်စည် သန်မာသည်။
  • တစ်ပင်မှာ တစ်ဖူးထွက်သည်။ အဖူးကြီးပြီး အစေ့တန်းများသည်။
  • အဖူးထိပ်ဆုံးထိ အစေ့အောင်ပြီး ပြောင်းဖက်လုံသည်။
  • ပြောင်းစေ့တိုင်းမှာ လိမ္မော်ရောင်တောက်ပသည်။
  • စိုက်ပြီး (၁၀၅ – ၁၁၅) ရက်ကြာလျှင် စတင်ရိတ်သိမ်းနိုင်သည်။
  • တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသမရွေး စိုက်ပျိုးနိုင်သည်။
  • လယ်မြေ နှင့် မြေနုကျွန်းများတွင် စိုက်ပျိုးလျှင် အထွက်နှုန်းအထူးကောင်းမွန်သည်။

SP 333

ဝန်ဆောင်မှုများ

Green Farm Development Co.,Ltd မှ လုပ်ဆောင်ပေးသော ဝန်ဆောင်မှုများ

အီးမေးလ်ပို့ရန်


တောင်သူဦးကြီးများ ကြီးမွားတိုးတက်စေဖို့ Green Farm Development Co.,Ltd နှင့် အမြန်ဆုံး ဆက်သွယ်လိုက်ပါ။
  • ရုံးဖွင့်ရက် နေ့စဉ်
  • ရုံးဖွင့်ချိန်မနက် ၈:၃၀ - ည ၅:၃၀ ထိ
  • ဖုန်းနံပါတ် +959 788088006
  • အီးမေးလ် info@gfdmyanmar.com
  • ဝက်ဘ်ဆိုက် www.gfdmyanmar.com